Rules & Regulations
ပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ အသက်အရွယ်၊အလုပ်အကိုင်၊အရည်အချင်းကန့်သတ်ထားခြင်း မရှိပါ။ အဖွဲ့အစည်းအမည်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ပါကအဖွဲ့ဝင်အားလုံးကိုကိုယ်စားပြု ဆုံးဖြတ်ချက်ချနိုင်သူ၏ အမည်ဖြင့်သာ လျှောက်လွှာတင်သွင်းရမည်။
ပြိုင်ပွဲဝင်ဇာတ်ကားသတ်မှတ်ချက်
- ၅မိနစ်သာကြာမြင့်သည့်ဇာတ်ကားကို ခေါင်းစဉ်သတ်မှတ်ထားခြင်းမရှိပဲ မိမိစိတ်ကြိုက်လွတ်လပ်စွာ ရိုက်ကူးပုံ ဖော်နိုင်သည်။ သတ်မှတ်ထားသော အချိန်ထက် အများဆုံး (သို့) အနည်းဆုံး ၁၀ စက္ကန့်သာ ခွင့်ပြုလက်ခံပေးမည် ဖြစ်သည်။
- ရိုက်ကူးသူကိုယ်တိုင်ဖန်တီးထားသော ဇာတ်လမ်းဖြစ်ရမည်။ ပြိုင်ပွဲဝင်ဇာတ်ကားများသည် မည်သည့် ပြည်တွင်း/ပြည်ပရုပ်ရှင်ပွဲတော်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အပြင် မည်သည့် ရုပ်မြင်သံကြား အစီအစဉ်များ၊လူမှုမီဒီယာများတွင် ပြသခဲ့ခြင်းမရှိဖူးသောဇာတ်ကားဖြစ်ရမည်။
- ပြိုင်ပွဲဝင်များမှဖြစ်ပေါ်လာသောမူပိုင်ခွင့်ဆိုင်ရာ ပြဿနာများသည်ဇာတ်ကားဖန်တီးသူ၏ တာဝန်သာ ဖြစ်သည်။ အဆိုပါမူပိုင်ခွင့်ဆိုင်ရာပြဿနာများကို ပြိုင်ပွဲဦးစီးကျင်းပရေးအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ အခြားသူများ၏ အနုပညာဖန်တီးမှုများမှ တစ်ဆင့် ဆင့်ပွားရိုက်ကူးတင်ဆက်ထားပါက ၎င်းမှီငြမ်းထားသော မူရင်း ဖန်တီးသူများ၏ ခွင့်ပြုချက်ရယူထားခြင်းအထောက်အထားကို ပူးတွဲတင်ပြရမည်။
- မိမိဖန်တီးထားသောအနုပညာလက်ရာများမှာ ကျင့်ဝတ်၊ဥပဒေများနှင့် ငြိစွန်းခြင်းမရှိစေရ။ ထို့အပြင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်ပျက်ပြားစေသော မည်သည့်အကြောင်းအရာကိုမှ မပါဝင်စေရပါ။
- ပြိုင်ပွဲဝင်ဇာတ်ကားများကိုရိုက်ကူးဖန်တီးရာတွင် စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်များကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ခြင်း မရှိစေရ။
- ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်မှုအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ရိုက်ကူးရမည်ဖြစ်သည်။ စည်းကမ်းဖောက်ဖျက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဦးစီးကျင်းပရေး အဖွဲ့မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- ရုပ်ရှင်ဇာတ်ကားများကို ပေးပို့ရာတွင် အနည်းဆုံးအောက်ပါအချက်များနှင့် ပြည့်စုံစေရမည်။
ပြိုင်ပွဲဝင်မူပိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်
- ပြိုင်ပွဲဝင်တို့၏ Micro Film ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို TV ၊ Website ၊Digital platform၊ သတင်းစာ စသည်တို့ အပြင် ပြိုင်ပွဲနှင့်ပတ်သက်သည့်ကြော်ငြာဆိုင်ရာလှုပ်ရှားမှုများဖြစ်သည့် ပရဟိတလုပ်ငန်း၊ အနုပညာပြပွဲ၊ ရုပ်သံလိုင်းများ၊ Mobile Application၊ စီးပွားရေးကဏ္ဍ အစရှိသည်တို့တွင် ပြိုင်ပွဲဦးစီးကျင်းပရေးကော်မတီမှ ထုတ်လွှင့်ပြသခွင့်ရှိသည်။ ထို့အပြင် ပြိုင်ပွဲဝင်ဇာတ်ကားများကို ပြန်လည်ထုတ်လုပ်၊ တည်းဖြတ်ခြင်း လုပ်ပိုင်ခွင့်ကို ပြိုင်ပွဲဦးစီးကျင်းပရေး ကော်မတီအဖွဲ့မှ ပိုင်ဆိုင်သည်ဖြစ်သည်။
- Myanmar Youth Micro Film ပြိုင်ပွဲဝင်ဇာတ်ကားများသည် ပြည်တွင်း၊ပြည်ပရုပ်ရှင်ပွဲတော်များတွင် သွားရောက်ယှဉ်ပြိုင်လိုပါက ပြိုင်ပွဲဦးစီးကျင်းပရေးကော်မတီ၏စာဖြင့်ခွင့်ပြုချက်ရရှိမှသာ ယှဉ်ပြိုင်ခွင့်ပြုမည်။ သို့မဟုတ်ပါက ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်သည်ဟု မှတ်ယူမည်ဖြစ်သည်။
- ပြိုင်ပွဲဝင်ဇာတ်ကားများကိုတစ်စုံတစ်ဦး(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုခုက စီးပွားရေးကဏ္ဍများတွင် အသုံးပြုမည် ဆိုပါက ပြိုင်ပွဲဦးစီးကျင်းပရေးအဖွဲ့နှင့် ဇာတ်ကားပိုင်ရှင်တို့၏ တရားဝင်ခွင့်ပြုချက်ကို စာဖြင့်ရရှိမှသာ အသုံးပြုနိုင်မည်။ ခွင့်ပြုချက်မရှိပဲအသုံးပြုခဲ့ပါက ပြိုင်ပွဲဦးစီးကျင်းပရေးကော်မတီမှ ခိုးယူသုံးစွဲသူများကို ဥပဒေအရတရားစွဲဆိုမည် ဖြစ်သည်။
သတိပေးချက်
- ပြိုင်ပွဲရလဒ်များနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာအငြင်းပွားဖွယ်ဖြစ်လာပါကအကဲဖြတ်ဒိုင်များ၏ဆုံးဖြတ်ချက်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။
- ပြိုင်ပွဲတွင်ဆုရရှိသော်လည်းစည်းကမ်းချက်များဖောက်ဖျက်သည်ကိုစစ်ဆေးတွေ့ရှိရပါက ပြိုင်ပွဲကျင်းပရေး ကော်မတီ မှ ပေးအပ်ထားသော ဆုကိုပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
- ပြိုင်ပွဲတွင်ဆုရရှိပါက ရရှိသောဆုကြေးငွေ၏ ဝင်ငွေခွန် ၅%ကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ မိမိ ကိုယ်တိုင် သွားရောက် ပေးဆောင်ရမည်ဖြစ်သည်။
- Myanmar Youth Micro Film Contest မှဆုရရှိထားသော ပြိုင်ပွဲဝင်များနှင့်ယင်းတို့၏ ဇာတ်ကားများတွင် ပါဝင်ထားသော အနုပညာရှင် အတတ်ပညာရှင်များက ပြိုင်ပွဲကျင်းပရေးကော်မတီများမှ အခါအားလျှော်စွာ ရိုက်ကူးထုတ်လုပ်ရေးအတွက် ကမ်းလှမ်းလာပါက မေတ္တာဖြင့် ဦးစားပေးလက်ခံရမည် ဖြစ်သည်။
ပြိုင်ပွဲဝင်ဇာတ်ကားနှင့် လျှောက်လွှာကိုလက်ခံပုံ
- ပြိုင်ပွဲကျင်းပရေးကော်မတီ၏ “microfilm2015@gmail.com” သို့ Google drive link ဖြင့်ပေးပို့ခြင်း။
- စာတိုက်မှတဆင့်ပေးပို့ခြင်း အမှတ် ၅၆ ၊ Strand Square Office tower (Reception) ၃၂လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား(ကမ်းနားလမ်း)၊ပန်းဘဲတန်းမြို့နယ်သို့ပေးပို့ခြင်း။
ပြိုင်ပွဲဝင်ဇာတ်ကားနှင့်လျှောက်လွှာများပေးအပ်စဥ်ပါဝင်ရမည့်အချက်အလက်များ
- ပြိုင်ပွဲဝင်လျှောက်လွှာ (၁)စုံ
- ဇာတ်လမ်းဇာတ်ညွှန်းအပြည့်အစုံ (၁)စုံ
- ပြိုင်ပွဲဝင်ဇာတ်ကားဗီဒီယိုအတွက် သတ်မှတ်ချက်များ- MP4, 1920x1080 (1080P) , 16:9, NTSC (Credit မပါ ၁စုံ နှင့် Credit ပါ ၁စုံ)
- ဇာတ်ကားကာဗာအတွက် သတ်မှတ်ချက်များ- JPEG, W300*H450P နှင့် W900*H400P (Credit မပါ ၁စုံ နှင့် Credit ပါတစ်စုံ)
- ဗွီဒီယိုများအားလုံး မြန်မာနှင့်အင်္ဂလိပ်စာတန်း နှစ်မျိုးစလုံးပါဝင်ရမည်။
မှတ်ချက်။ ။ Google Drive Link ဖြင့်ပေးပို့မည့်ပြိုင်ပွဲဝင်များသည် အထက်ပါအချက်အလက်များအားလုံးအား Folder တစ်ခုအတွင်း ထည့်သွင်းတည်ဆောက်ကာ View တွင် Editor or Can Edit ကိုရွေးချယ်ကာ Link ထုတ်ပေးပို့ရမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက Myanmar Microfilm Facebook Page (သို့မဟုတ်) Myanmar Microfilm ၏ Hot Line No: 09-750104733(ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါသည်။
How to Submit
Step 1
Become a member
Step 2
Prepare your submissions and ensure they adhere to the contest category guidelines
Step 3
Submit your work via the Awards official website
Step 4
Follow Discord and share your artwork to win the lucky draw