About Us

Myanmar Youth Micro Film Contest

အကြောင်း

Myanmar Youth Micro Film Contest ဆိုသည်မှာ ၃မိနစ် မှ ၅မိနစ်အတွင်းရှိသော ဇာတ်လမ်းတိုများ ကို ခေါင်းစဉ်၊အမျိုးအစား၊အကြောင်းအရာ၊အသက်အရွယ်၊ပညာအရည်အချင်းသီးခြားကန့်သတ်ထားခြင်းမရှိ၊ ရိုက်ကူးရေးပစ္စည်းများအား သတ်မှတ်ထားခြင်းမရှိ မိမိနှစ်သက်ရာ ဇာတ်လမ်းများကို ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ပြီး လွတ်လပ်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်သော ပြိုင်ပွဲတစ်ခုဖြစ်သည်။

Myanmar Youth Micro Film Contest

Myanmar Youth Micro Film Contest ကို ပြိုင်ပွဲကျင်းပရေးကော်မတီဖြစ်သည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ Channel 9 နှင့် Monnect Group Co.,Ltd တို့မှ ပူးပေါင်းကာ ၂၀၁၅ခုနှစ် မှစတင်ကျင်းပပြုလုပ်လာခဲ့ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကမ္ဘာနှင့် ရင်ဘောင်တန်းလာနိုင်စေရန်၊ ရွက်ပုန်းသီး ရုပ်ရှင်ရိုက်ဝါဿနာရှင်များအား မြေတောင်မြှောက်မွေး ထုတ်ပေးရန်နှင့် ပြိုင်ပွဲမှတဆင့် ဝါဿနာရှင်များအချင်းချင်းတွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်ရန် ၊ ဝါဿနာရှင်ဒါရိုက်တာများ ရိုက်ကူးထုတ်လုပ် ထားသော ဇာတ်ကားများကို ရုပ်ရှင်ချစ် ပရိသတ်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရရှိစေရန် စသည့် ရည်ရွယ်ချက်ကောင်း များစွာဖြင့် ကျင်းပပြုလုပ်ပေးလျှက်ရှိသော ပြိုင်ပွဲတစ်ခုဖြစ်ပါသည်။

History

Myanmar Youth Micro Film Contest ကို စတင်ကျင်းပချိန်ကစတင်ပြီး ရုပ်ရှင်ရိုက် ဝါဿနာရှင်များ၏ စိတ်ဝင်စားမှုကိုရရှိခဲ့သလို ရုပ်ရှင်ချစ်ပရိသတ်များ၏ အားပေးမှုကိုလည်း အထူးရရှိခဲ့ပါသည်။ Myanmar Youth Micro Film Contest ၏ ပထမအကြိမ်ပြိုင်ပွဲတွင် ဇာတ်ကားပေါင်း ၂၂၁ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ဒုတိယအကြိမ်ပြိုင်ပွဲတွင် ဇာတ်ကားပေါင်း ၁၃၄ကား၊ တတိယအကြိမ်ပြိုင်ပွဲတွင် ဇာတ်ကားပေါင်း ၁၀၆ကား နှင့် စတုတ္ထအကြိမ်ပြိုင်ပွဲတွင် ဇာတ်ကားပေါင်း ၈၅ကား အသီးသီး လက်ခံရရှိခဲ့ပါသည်။ ပြိုင်ပွဲကျင်းပခဲ့သည့် တလျှောက်တစ်နှစ်နဲ့တစ်နှစ် ပြိုင်ပွဲဝင်ဇာတ်ကားများ၏အရည်အသွေးမှာ သိသိသာသာတိုးတက်ကောင်းမွန်လာသည်ကို ပြိုင်ပွဲကျင်းပရေးကော်မတီက ဝမ်းမြောက်စွာတွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် နှစ်စဉ်ကျင်းပလျှက်ရှိသော Myanmar Youth Micro Film Contest မှာ နိုင်ငံအဝှမ်းရှိရုပ်ရှင်ရိုက်ဝါဿနာရှင်များအတွက် အနုပညာလောကသို့ ခြေလှမ်းသစ်စတင်နိုင်သော (သို့မဟုတ်) လက်စွမ်းပြ လက်ရည်သွေးနိုင်သော စင်မြင့်တစ်ခုအနေဖြင့် Myanmar Youth Micro Film ပြိုင်ပွဲမှာ အထောက်အကူဖြစ်စေခဲ့ပါသည်။
ထို့အပြင် Myanmar Youth Micro Film Contest ၏ပြိုင်ပွဲကျင်းပရေးကော်မတီကနှစ်စဉ်ပြိုင်ပွဲများမှ ဆုရရှိထားသော ဇာတ်ကားများနှင့် ဇာတ်ကားကောင်းများကိုလည်း TV Channel ၊ Public Showများ၊ Social Mediaများ စသည့်နေရာများ မှတဆင့်လည်း ပရိသတ်ကြီး များနှင့် တိုက်ရိုက်ထိတွေ့ခွင့်ပေးနိုင် ရန်လည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျှက်ရှိနေသလို နောင်အနာဂတ် တွင်လည်း ပြိုင်ပွဲဝင်ဇာတ်ကားများအား နိုင်ငံတကာပြိုင်ပွဲစင်မြင့်အထိ တက်ရောက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။